ကဲ ဒီတစ်ခေါက်မှာတော့ Petty Cash Book အကြောင်းလေးပြောချင်ပါတယ်နော်
လုပ်ငန်းတစ်ခုမှာ အဓိက လိုချင်ကြတာက လုပ်ငန်းဝင်ငွေတွေတိုးဖို့နဲ့ လုပ်ငန်းဆက်လက်ရပ်တည်နိုင်ဖို့ အမြတ်ရဖို့အတွက်ပဲဖြစ်ပါတယ်။ ဒီလိုတွေ အမြတ်ရဖို့ လုပ်ငန်းဆက်လက်ရပ်တည်နိုင်ဖို့ဆိုတာ လုပ်ငန်းမှာ ဝင်ငွေတွေရဖို့ကြီးပဲကြည့်နေလို့မရပါဘူး။ လုပ်ငန်းမှာ ဝင်ငွေ Income တွေအပြင် ထွက်ငွေ Expense တွေပါရှိတာမို့ Expensesတွေကိုလဲ ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။
လုပ်ငန်းမှာ ဝင်ငွေတွေသာ ဝင်နေတယ် လကုန်ရန်အမြတ်က ရမလားဘူးလို့ ညီးနေကြတဲ့ လုပ်ငန်းရှင်တွေကိုလဲ မြင်နေရပါတယ်။ ဒါက ဘာကြောင်လဲဆိုတော့ လုပ်ငန်းရဲ့ထွက်ငွေတွေဖြစ်တဲ့ expense တွေကို သေချာစာရင်းမပြုစုထားလို့ပါပဲ။ ကဲဟုတ်ပြီ ဒါဆို အဲ့ expense တွေကို ထိန်းသိမ်းဖို့က Petty cash bookကို အသုံးပြုပြီး ထိန်းသိမ်းလို့ ရပါတယ်။
#Petty_Cash ဆိုတာက ဘာလဲ.??
Petty cash ဆိုတာကတော့ လုပ်ငန်း၏ အသေးသုံးငွေစာရင်းကိုပြောတာပါ။ Petty cash Bookသည် imprest System ကို အသုံးပြုသည့်ပုံစံဖြစ်သည်။. သုံးပြီးသမျှ expenseတွေ ကို ပြေစာ vounchers များ တင်ပြ၍ ငွေပြန်ဖြည့်သောစနစ်ဖြစ်သည်။
1.Petty cash ထုတ်ယူငွေ ကို Main Cash book မှာ စာရင်းမှတ်ထားရမည်။ တစ်ရက်တစ်ခါ သို့ တစ်လ တစ်ခါ cash Bookနှင့်စာရင်းတိုက်ပေးရမယ်။
2. Petty cash ထဲမှာ သုံးထားသော သုံးစရိတ်များကို Vr. များဖြင့်သာ တိုက်ဆိုင်စစ်ဆေး၍ ရေးမှတ်ထားရမယ်။
3.payment Vr.(အသုံးစာရိတ် vr .)များကို စနစ်တကိ ခေါင်းစဥ်ခွဲထားပြီး General.Ledger သို့ စာရင်းရေးသွင်းပေးရမည် ဖြစ်သည်။
#Petty_Cashထုတ်ပေးရမယ့်သူတွေက paymentsတွေ ပေးချေတဲ့အခါ လုပ်ငန်းအတွက် အသေးသုံး သုံးထားတာဟုတ်မဟုတ် သေချာစစ်ဆေးပေးရမဉ်။ သို့ Advance စာရင်းများဆိုရင်လဲ Journal စာရင်းများဖြင့် ပြန်လည် စာရင်းချေပေးရမည်ဖြစ်သည်။
ကဲ ဒီလောက်ဆိုရင် petty cash Book စာရင်းကိုင်ရမယ့် Accountant လေးတွေနဲ့ Cashier လေးတွေ Petty cash စာရင်းလုပ်ဖို့အတွက် ဘာတွေလုပ်ရမယ်ဆိုတာ သိသွားလောက်ပြီထင်ပါတယ်။
နောက်ထပ်လဲ Knowledge Sharing လုပ်ပေးပါအုန်းမည်။
#Job_Training_For_Senior_Accountant စုံစမ်းရန်
???????????
https://www.facebook.com/groups/924738151252400/permalink/1073303769729170/