2020-12-16 20:46:12 , 'အရည်အသွေး/အရေအတွက်ဆိုင်ရ…

'အရည်အသွေး/အရေအတွက်ဆိုင်ရာသုတေသနအရာရှိ' အဖြစ်လုပ်ကိုင်နိုင်မည့်၀န်ထမ်း (၁ ဦး M/F) လိုအပ်နေပါသည်။

လုပ်ဆောင်ရမည့်တာ၀န်များ
———————————–
– လုပ်ငန်းစဥ်အကျဥ်းချုပ်နှင့် အဆိုပြုလွှာကို ဖောက်သည်များထံစီစဥ်ပို့ပေးခြင်း
– FGD / IDI ရေးရာပံ့ပိုးကူညီပေးခြင်း
– စီမံကိန်းများကိုစီမံခန့်ခွဲခြင်း
-သုတေသနပြုလေ့လာခြင်း
– အစီရင်ခံစာရေးသားခြင်း
– လုပ်ငန်းစဥ်အကြောင်း ရှင်းလင်းသရုပ်ပြခြင်း
– ဖောက်သည်များနှင့် ဆက်သွယ်ဆောင်ရွက်မှုပြုလုပ်ခြင်း

လိုအပ်သောပညာအရည်အချင်းနှင့် အတွေ့အကြုံ
————————————————————
– လူမှုရေး၊ စျေးကွက်၊ စီးပွားရေး၊ မနုဿဗေဒ၊ လူမှုဗေဒ၊ ပြစ်မှုဗေဒ၊ ဆက်သွယ်မှုပညာ၊ စိတ်ပညာနှင့်သိပ္ပံ၊ စာရင်းအင်း၊ သင်္ချာ၊ အင်ဂျင်နီယာ (သို့) စိတ်ပညာ (အနိမ့်ဆုံး GPA 3.00 ) စသည့်ဘာသာရပ်များထဲမှတစ်ခုဖြင့် ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
– အရည်အသွေးနှင့် အရေအတွက်ဆိုင်ရာသုတေသနအလုပ်တွင် အတွေ့အကြုံရှိထားသူဖြစ်ရမည်။
– စျေးကွက်ရှာဖွေရေးအလုပ်ကိုစိတ်ပါဝင်စားသူဖြစ်ရမည်။
– ကွန်ပျူတာကိုကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်ရပါမည်။
– အွန်လိုင်းကမ်ပိန်းများကို မကြာခဏ ဖန်တီးလုပ်ဆောင်နိုင်ရပါမည်။
– ဒစ်ဂျစ်တယ်နည်းပညာအကြောင်းကို ကောင်းစွာနားလည်သူဖြစ်ရပါမည်။

လိုအပ်သောကျွမ်းကျင်မှုနှင့် အရည်အသွေးများ
————————————————————-
– အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆို၊ ရေးသားနိုင်သည့်စွမ်းရည်
– ခွဲခြမ်းစိတ်ဖြာတတ်မှုနှင့် ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်
– အုပ်ချုပ်မှုနှင့် အချိန်စီမံခန့်ခွဲမှုဆိုင်ရာစွမ်းရည်
– သတ်မှတ်ချိန်အမီပြီးအောင်လုပ်ကိုင်ဆောင်ရွက်နိုင်သောစွမ်းရည်
– ဖော်ရွေ၊ စာနာတတ်ပြီး ဂရုတစိုက်နားထောင်တတ်ခြင်း
– ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု
– အသေးစိတ်မှစ၍ဂရုစိုက်တတ်မှု
– ဝန်ဆောင်မှုကိုဦးစားပေးတတ်မှု
– မိမိကိုယ်ကိုယုံကြည်မှု
– လှုံ့ဆော်မှုနှင့် ဖိအားဒဏ်အောက်၌ အလုပ်လုပ်နိုင်သည့်စွမ်းရည်
– ဒစ်ဂျစ်တယ်နည်းပညာရပ်အပေါ်စိတ်ပါဝင်စား၊ အတွေ့အကြုံရှိမှု

အထက်တွင်ဖော်ပြခဲ့သောအချက်များနှင့်ကိုက်ညီ၍ အလုပ်လျှောက်ထားလိုပါလျှင် CV ကို Email Address: eieikhaing.openmind@gmail.com သို့ပေးပို့ထားနိုင်ပါသည်။ အလုပ်အကြောင်းကိုအသေးစိတ်ထပ်မံသိရှိလိုလျှင်လည်း HR Department ( ဖုန်း +959977835215) သို့ နံနက် (8:00) နာရီ မှ ညနေ (5:30) နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။



Source

Leave a Reply

Your email address will not be published. Required fields are marked *